
"ကျောင်းအုပ်ဆရာကြီး ဦးစံငြိမ်းသည် စာသင်သက် (၅၀) ကျော်ရှိနေပြီဖြစ်သည့် နာမည်ကြီးဆရာကြီး တစ်ဦးဖြစ်သည်။ ပင်စင်ယူချိန် ကျော်လွန်နေပြီဖြစ်သည့်အပြင် မိမိတွင် ကင်ဆာရောဂါ ခံစားနေရသည်ကို သိလိုက်ရသဖြင့် နောက်ဆုံးအနေဖြင့် လက်ရွေးစင် တပည့် (၁၂) ဦးကို ရွေးချယ် မွေးထုတ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဆရာကြီး၏ ဇနီးကလည်း ဆရာကြီး ဦးစံငြိမ်းက ဘော်ဒါဆောင်ဖွင့်မည်ဆိုသည့် သတင်းသည် မိဘများကြားတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလေတော့သည်။ တပည့်ကောင်းများစွာ မွေးထုတ်ဖူးသည့် ဦးစံငြိမ်း၏ အရည်အချင်းကို တပည့်ဟောင်းများ ကောင်းစွာ သိကြ၍ သားသမီးများကို ဦးစံငြိမ်းထံ သူ့ထက်ငါ အလုအယက် အပ်လိုကြသည်။ ဦးစံငြိမ်းကျောင်းတွင် ဦးရဲထွန်း၊ ဒေါ်ရည်မွန် တို့ဖြစ်ပြီး ထိုဆရာတစ်ဦးစီတွင် ကိုယ်စီ စွဲကိုင်ထားသည့် အတ္တတစ်ခုစီလည်း ရှိနေကြသည်။ ဦးစံငြိမ်းကျောင်းသို့ ကျောင်းသား (၁၂) ယောက် ရောက်ရှိလာကြသည်။ ထိုကလေး (၁၂) ယောက်သည် တစ်ယောက်တစ်မျိုးစီ စရိုက်လက္ခဏာများရှိသည်။ ဦးစံငြိမ်း သည် ကလေးများ၏ စိတ်နေစိတ်ထားကို အသေးစိတ်လေ့လာ၍ သွန်သင်ရန်ကြိုးစားသည်။ ဒီစာသင်နှစ်သည် ဆရာများသည် တပည့် (၁၂) ဦးကို သင်ပေးခြင်းများရှိသလို တပည့် (၁၂) ဦးထံမှလည်း ပြန်လည်သင်ခန်းစာ ရယူနိုင်သည်များ ရှိသည်။ ဦးစံငြိမ်းသည် ဒီစာသင်နှစ်တစ်နှစ်ပြီးလျှင် ဘဝကို လက်လျှော့ရတော့မည်ဟု တွေးထားသော်လည်း မိမိချစ်တပည့်များထံမှ သံယောဇဉ်၊ ရရှိသည့် သင်ခန်းစာများကြောင့် မိမိဘဝကို လက်မလျှော့ဘဲ ကျန်းမာရေးကောင်းအောင် ပြန်လည်ကုသမည်ဆိုသည့် စိတ်များ ပြန်ပေါ်လာခဲ့လေတော့သည်။ ပါဝင်သည့် ကျောင်းသားကာရိုက်တာများ ရဝေ - အင်မတန်ရိုင်းစိုင်းပြီး ဆယ်တန်း (၃) နှစ်ကျ ကျောင်းသား၊ တက်တူးတွေထိုးထား၊ နားကွင်းတွေ ဖောက်ထား၍ တခြား ဘယ်ကျောင်းကမှ လက်မခံချင်သူ။ သာယာ - (၉) တန်းသုံးနှစ်ကျပြီး အခုမှ (၁၀) တန်းတက်သည့် ကျောင်းသား၊ စကားလုံးကို လူနားမလည်အောင် ပြောတတ်ပြီး၊ ပဲပင်ပေါက်လက်ရေး နှင့်ကျောင်းသား။ ပြည့်စုံ - အစားကျူး၍ ဖက်တီးခန္ဓာကိုယ်နှင့် လေလည်သံအလွန်ကျယ်ပြီး ၊ သွားတိုက်ရမှာပျင်းသော ကျောင်းသား မိုးထက်အာကာ - ဉာဏ်အလွန်ကောင်းပြီး ၊စာအင်မတန်တော်သည့် ထူးချွန်ကျောင်းသား၊ ဘဝမြင့်လွန်းသူ။ စောညီ - ပေါင်းသင်းဆက်ဆံရေး ကောင်းသော်လည်း စည်းကမ်းလုံးဝ မရှိသူ။ ဝေဖြိုးမောင် - သူများ စိတ်ဒဏ်ရာကို ဟာသလုပ်၍ သရော်တတ်သူ။ ပါဝင်သည့် ကျောင်းသူကာရိုက်တာများ စိုးမိုးမြင့်သူ - Tomboy ။ အနုပညာသမားဖြစ်ချင်၍ ကျောင်းစာကို လုံးဝ စိတ်မဝင်စားသူ။ ဂီတာအကြောင်းနားလည်သူ။ ယွန်း - အလှမက်ပြီး ချေမိုးကုဋေစိုးလုပ်တတ်သူ။ စာခိုးချသူ။ ဉာဏ်ထိုင်းသူ။ မိုးနှောင်း - တရုတ်ကပြားမလေး။ မြန်မာစာနှင့် တရုတ်စာကို ရောရေးတတ်သူ။ အတင်းအင်မတန်ပြောသူ။ စံပယ် - အင်္ဂလိပ်စာသင်ရခက်ပြီး မြန်မာစာတော်သူ။ သူများအကြောင်းတွေကို ဇာတ်လမ်းလုပ်ပြောတတ်သူ။ လဝန်း - ရဝေ တက်သည့် ကျောင်းမို့ တက်သူ။ သင်တန်းများစွာ စုံစိနေအောင်တက်ပြီး မင်္ဂလာဆောင်လျှင် အမြီးရှည်ရှည်တပ်ချင်သူ။ စိုးငယ် - လိမ်မပြောတတ်သူ။ Positive Thinking သမား။ Master Brain စကော်လာ ကျောင်းသူ။"









